Sunday, May 16, 2010
ဟဂ်ျပြုလုပ်ခြင်း၏ အကျိုးကျေးဇူး
ဟဒီးဆ်တော်တွင် ကိုယ်တော်မြတ်(ဆွ)အမိန့်ရှိတော်မူသည် အကြင်မည်သူမဆို စစ်မှန်တဲ့ ဟဂ်ျပြုလုပ်လျှင် ၎င်းသူသည် မိခင်၏ဝမ်းကြာဗိုက်မှ ထွက်လာတဲ့မွေးကင်းစ ကလေးသဖွယ် ၎င်း၏ အပြစ်ဂိုနာဟ်များမှ ကင်းစင်သွားပေမည်၊၊ အလိုသဘောမှာ ခွင့်လွှတ်ပလပ်ခြင်းခံရပေသည်၊၊ အစ္စလာမ်သာသနာတော်၏ ကျင့်စဉ်များတွင် လူသားအဖို့ လမ်းမှန်ကိုညွှန်ပြပေးတဲ့ အချက်အလက်များ အရည်အချင်းများ ပါဝင်နေပါတယ် အီမာန်ရှင်မဟုတ်သူတို့ပင်လျှင် ၎င်းအအ်မလ်များကို ကျင့်ဆောင်ပါက ၎င်းတို့အတွက် လမ်းမှန်ရရန် အကြောင်းတစ်ရပ် ဖြစ်နိုင်ပေသည် ထိုကိစ္စနှင့်စပ်လျှင်း၍ စစ်မှန်တဲ့ ဖြစ်ရပ်တစ်ခုကို ကျွန်တော်တင်ပြပါ့မယ်၊တစ်နေ့အီမာန်ရှင်မဟုတ်သောလင်မယားနှစ်ယောက်သည် ဟဂ်ျရာသီမှာ နိုင်ငံအသီးသီး မြို့ရွာ အစုံတို့မှ မွတ်စလင်မ်တွေ ဟဂ်ျပြုရန် လာကြသည်ကိုတွေပြီး ၎င်းတို့နှစ်ဦးသည် စိတ်ထဲတွင် ဆန္ဒတစ်ခုဖြစ်ပေါ်လာသည် ၎င်းဆန္ဒကတော့ ဒို့ဇနီးမောင်နှံနှစ်ယောက် လေ့လာရေးသဘောမျိုးနှင့် ကအ်ဗအ်ကျောင်းတော်သို့သွားပြီး အယောင်အဆောင် ဟဂ်ျပြုကြမည်ဆိုပြီး ဆွေနွေးတိုင်ပင်လေတယ် ထိုနောက် ဟဂ်ျရာသီရောက်လာချိန်တွင် ဇနီးမောင်နှံနှစ်ယောက် မက္ကဟ်ရွှေမြို့တော်သို့ ဟဂ်ျနှင့် ပတ်သက်ပြီး လေ့လာရန် နောက်ပြီး ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာကို သိရှိရန်အလို့ဌာ ခရီးနှင်လေတော့တယ် ဟဂ်ျပြုလုပ်ရမည့် ရက်မြတ်ရောက်လျှင်ရောက်ခြင်း အများနည်းတူ အဟ်ရာမ်ဝတ်ဆင်၍ အများကို အတုခိုး၍ ဟဂ်ျလုပ်ငန်းစဉ်ကို ဆောင်ရွက်ကြတယ် ၎င်းတို့နှစ်ဦးသည် ကအ်ဗဟ်ကျောင်းတော်၌ သဝါးဖ်စတင်လှည့်ပတ်လေသည် ထိုအချိန်တွင် အင်မတန်မှ အံ့ဩဖွယ်ရာဖြစ်ရပ်တစ်ခုမှာ ၎င်းတို့နှစ်ဦး သဝါးဖ်လုပ်ရင်း ၎င်းတို့၏ စိတ်နှလုံးသားထဲတွင် နုညံ့မှုပေါ်ပေါက်လာသည် ၎င်းတို့နှစ်ဦး၏ မျက်နှာများတွင်လည်း နူးရ်အလင်းရောင်များ တဖိတ်ဖိတ်တောက်လာစပြုတော့တယ် ထို့နောက်တွင် ဇနီးမောင်နှံနှစ်ဦး ဆွေနွေးတိုင်ပင်ပြီး အစ္စလာမ်သာသနာကို လက်ခံသွားကြလေသည် ဒါကြောင့် အစ္စလာမ်သာသနာတော်ကို အအ်မာလ်များတွင် သူအဆင့်နှင့်သူ လူသားတွေကို လမ်းမှန်ရရန် အကြောင်းခံများ ဖြစ်ကြပါတယ်၊၊
Subscribe to:
Post Comments (Atom)
No comments:
Post a Comment