
ဟဂ်ျဝတ်ပြုခြင်းသည် အစ္စလာမ်သာသနာ၏ မဏ္ဏိုင်ကြီး(၅)အနက်မှ ပဉ္စမမြောက် မဏ္ဏိုင်ကြီးဖြစ်ပါသည် ၎င်းနောက် ဟိုကူကွလ္လာဟ် အလ္လာဟ်အသျှင်မြတ်နှင့်ပတ်သက်၍ လူသားတို့လုပ်ဆောင်ရမည့်တာဝန်ဝတ္တရားတို့အနက်မှ တစ်ခုအပါအဝင်ဖြစ်ပြီး လူသားတို့ မေ့မှားပြီးကျုးလွန်ခဲ့သည့်အပြစ်ဂိုနာဟ် အသေးအကြီး ဟူသရွေ့ကို ခွင့်လွတ်ပလပ်စေသောအကြောင်းခံအေဗာဒသ်တစ်ခုလည်းဖြစ်ပါသည်၊၊ အလ္လာဟ်ဟို့အသျှင်မြတ်ဘက်တော်မှ မိမိဗန္ဒဟ်များအပေါ် အမိန့်ပေးထားသော အေဗာဒသ်များအနက်မှ အချို့သည် ခန္ဓာကိုယ်ဖြင့်ပြုလုပ်ရသော အေဗာဒသ်များဖြစ်ပြီး အချို့သည် ပစ္စည်းဥစ္စာဖြင့်သာ ပြုလုပ်ရသော အေဗာဒသ်ဖြစ်ပါသည် အချို့မှာမူ ခန္ဓာကိုယ်နှင့် ပစ္စည်းဥစ္စာနှစ်ခုဒွန်တွဲ၍ ပြုလုပ်ရပါသည်၊၊ ဟဂ်ျသည် ခန္ဓာကိုယ်နှင့် ဥစ္စာပစ္စည်း နှစ်ခုလုံးကို အသုံးချ၍ ကျင့်ဆောင်ရသော အေဗာဒသ်ဖြစ်ပါသည်၊၊အချို့အေဗာဒသ်များသည် မအ်ဘူဒီယသ် ခေါ် အလ္လာဟ်အသျှင်မြတ်အား အကိုးကွယ်ဖြစ်တယ်ဆိုတဲ့ အတွေးမျိုးရင်ဝယ်ပိုက်ပြီး ပြုလုပ်ရတယ် ဥပမာ...နမာဇ် အချို့ကတော့ မဟ်ဘူဘီယသ် ခေါ် အလ္လာဟ်အသျှင်မြတ်အား အချစ်တော်အဖြစ် ရင်ဝယ်တွင် ခံစား၍ ခဝပ်ရို့ကျိုးရပါသည် ပမာအားဖြင့် ဟဂ်ျလုပ်ငန်းစဉ်ပေါ့ ...မည်သူမဆို မိမိ၏ ချစ်သူရှေ့တွင် အချစ်ရူးသဖွယ် နေတာထိုင်တာ ပြောဆိုဆက်ဆံတာကအစ ချစ်သူ၏အကြိုက် စေလိုရာစေ ဆိုတာမျိုး ပြုလုပ်တတ်ကြပါတယ် အဲလိုပဲ ကျွန်တော်တို့တစ်တွေဟာလည်း ဟဂ်ျပြုလုပ်တဲ့အခါမျိုးမှာ မိမိတို့၏့ အချစ်တော်အလ္လာဟ်အသျှင်မြတ်နှစ်သက်သည့် အတိုင်း မိန့်ဆိုချက်များနှင့်အညီ ချစ်စိတ်ကို နှလုံးသွင်းရင်ဝယ်ပိုက်၍ ပြုလုပ်ကြရပါသည် ဟဂ်ျရဲ့လုပ်ရပ်များမှာဆိုလျှင် မိမိရဲ့ခန္ဓာကိုယ်ကို အလှမဆင်ပဲ အဝတ်အစားဆိုရင်လည်း ရိုးရာဝတ်ဆင်တဲ့ အဝတ်အစားကို စွန့်လွှတ်ပြီး အလ္လာဟ်အသျှင်မြတ်နှစ်သက်တဲ့ အဝတ်အစားဖြစ်တဲ့ အဟ်ရာမ် ဝတ်စုံကို ဆင်မြန်းကြပါတယ် ဦးခေါင်းဆိုရင်လည်း အမြဲ ဆီလိမ်းပြီး ဆံကေသာရဲအလှအပကို တန်ဆာဆင်ကြတဲ့ ကျွန်တော်တို့တွေအနေနှင့် ထိုကဲ့သို့ ချယ်လှယ်ခြင်းကို ကျောခိုင်းပြီး မိမိတို့၏အချစ်တော်ရှေ့မှာ ကျို့ငယ်နှိမ့်ချပြီး အချစ်တော်ကျေနပ်ရင်ပြီးရောဆိုပြီး အချစ်ရူးသဖွယ် ပြုလုပ်ကြပါတယ် ဒါကြောင့် ဟဂ်ျ၏လုပ်ငန်းစဉ်များပြုလုပ်သော အခါမျိုးတွင် အလ္လာဟ်အသျှင်မြတ်သည် မိမိတို့၏ မအ်ဘူးဒ်ခေါ်အကိုးကွယ်ခံအသျှင်သ္ခင် ဖြစ်ခြင်းထက်ကို အရာအားလုံးထက် မဟ်ဘူးဗ်ခေါ် အချစ်တော် ဖြစ်တယ်ဆိုတဲ့အကြောင်း ပေါ်လွင်ထင်ရှားပါသည်၊၊ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏အမိန့်တော်အချို့မှာ လူတန်းစားမခွဲခြားပဲ အလွှာအသီးသီးကို တပြေးညီတည်း ကျင့်ဆောင်ရန် အမိန့်ပေးတော်မူပါသည် နမာဇ်ဖတ်ရာတွင် အရှက်လုံအောင်ဖုံးဖို့အတွက် အမိန့်ပေးထားတော်မူပါတယ် ဒါပေမယ့် ပုံစံတစ်မျိုးပဲ ဝတ်စားဆင်ယင်ဖို့ နောက်ပြီး တန်ဖိုးဈေးနုံးကြီးပြီး လှပတဲ့ အဝတ်အစားတွေကို တန်းတူညီတူ ဝတ်ဆင်ဖို့ အမိန့်မပေးထားပါဘူး အဘယ့်ကြောင့်ဆိုသော် ချမ်းသာကြွယ်ဝသောသူများသည် မိမိတို့ တတ်နိုင်သည့်အတွက် တန်းဖိုးရှိရှိ အဝတ်အစားတွေကို ဝတ်ဆင်နိုင်ပေမယ့် မရှိသောသူများအတွက်တော့ မလွယ်ကူလှပါ ဒါကြောင့် မိမိတို့ တတ်နိုင်သည်နှင့်အညီ ဝတ်စားဆင်ယင်ခွင့်ရှိပါသည် အဲဒီလိုလည်း လူတန်းစားအသီးသီးအနေနှင့် ဝတ်ဆင်လျှက်ရှိကြပါသည် ဒါပေမယ့် ဟဂ်ျပြုလုပ်ဆောင်ရွက်သည့်အခါတွင်မူ ပုံစံတစ်ခုတည်း မခွဲခြားပဲ အဟ်ရာမ်ဝတ်ဆင်ရန် အမိန့်ပေးထားပါသည် ဒါမှသာလျှင်ဗန္ဒာများအနေနှင့် ညီတူညီမျှ ကျိုးနွှံတဲ့ ပုံစံမျိုး အသွင်ဆောင်ရန်ဖြစ်ပါတယ်
No comments:
Post a Comment